fbpx
, ,

Digital Rice Cooker RC-18DH1NM

333,500 Ks

တိုရှီဘာဒီဂျစ်တယ်ပေါင်းအိုး(RC-18DH1NM)

  • Power                 -760W-904W
  • Frequency          –      50/60Hz
  • Voltage              -220V-240V
  • Capacity            –           1.8lli

တိုရှီဘာဒီဂျစ်တယ်ထမင်းပေါင်းအိုးသည် သင်ရဲ့အရသာရှိသော မိသားစုထမင်းဝိုင်းလေးကို ဖန်တီးပေးနိုင်ပါသည်။

Function (11)မျိုးထိ လွယ်ကူစွာချက်ပြုတ်ပေးနိုင်ပါသည်။

ပုံမှန် ဆန်ဖြူအပြင်၊ဆန်လုံးညို၊ကောက်ညှင်းဆန်၊ဆန်ကြမ်း များချက်လို့ရတဲ့အပြင် ထမင်းလိတ်များ၊အသီးအရွက်ပေါင်းများ၊စွပ်ပြုတ်များ ပြုလုပ်ခြင်း စတဲ့ Functionများစွာကို ပြုလုပ်နိုင်ပါသည်။

၂၄နာရီထိ အနွေးဓါတ်ကို ထိန်းထားပေးနိုင်သော Keep Warm Function ပါဝင်သောကြောင့်  အချိန်မရွေး ပူပူနွေးနွေးလေး စားသုံးနိုင်ပါသည်။

အတွင်းအိုးကို အလွှာ(၅)လွှာနဲ့ပြုလုပ်ထားပြီး 2.2mm ထိထူတဲ့အပြင်  အိုးမကပ်နည်းပညာ(Non-Stick Coating)ကြောင့် ဆေးကြောရလွယ်ကူစေပါသည်။

သေသပ်လှပတဲ့ ဒီဇိုင်းနှင့် ကျစ်လစ်ခိုင်ခံ့တဲ့ ကိုယ်ထည်ကြောင့်   သုံးစွဲသူများ အကြိုက်တွေ့စေမယ့် ဘက်စုံသုံးဒီဂျစ်တယ်ပေါင်းအိုးဖြစ်ပါသည်။

ဘက်စုံသုံးဒီဂျစ်တယ်ပေါင်းအိုးဖြစ်လို့ တစ်လုံးဝယ်ထားရုံနဲ့ Function များစွာကို ချက်ပြုတ်နိုင်တာကြောင့် အလုပ်မရှုပ်ချင်သူများ၊ကျန်းမာရေးကို  ဂရုစိုက်သူများ၊အရည်အသွေးကောင်းကောင်း ကြိုက်သူများအတွက် သုံးစွဲရန် အထူးသင့်လျော်ပါသည်။

အာမခံ တစ်နှစ်ပါရှိလို့ သုံးစွဲသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

အောင်သစ်လွင်မှ အရည်အသွေးမြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပစ္စည်းမှန်၊စျေးမှန်နဲ့ ရောင်းချပေးနေလို့  ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါသည်။